Rev. Za Khup

Dr. Vum Kho Hau ပြောသော ဖခင်ကြီး Rev. Za Khup အကြောင်း

ဗြိတိသျှတပ်များ ဗိုလ်ချုပ်ကြီး Sir George S. White ဦးဆောင်ပြီး စီးယင်းချိုင့်ဝှမ်းသို့ ရောက်ရှိလာချိန်တွင် ကျွန်တော့်ဖခင်တွင် အံသွား နှစ်ချောင်း ရှိပါသည်။ ကျွန်တော့်အဖိုး လူမျိုးစုခေါင်းဆောင် (Chief) Thuk Kham ကျွန်တော့် အဖွားနှင့် သူတို့၏သားငယ်ဖြစ်သူ ကျွန်တော့်အဖေတို့သည် ကလေးမြို့မှစတင်၍ ဗြိတိသျှတပ်များ၏ ထိုးစစ်ဆင်မှုကို မခုခံနိုင်သဖြင့် Vang Te ရွာ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၈၈၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စီးယင်းချိုင့်ဝှမ်း၏ တစ်စိတ်တစ်ပိုင်းကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သောကြောင့် ကျွန်တော့်ဖခင်က သူ့ကိုယ်သူ ၁၈၈၈ ခုနှစ်တွင် မွေးဖွားသည်ဟု ယုံကြည်ခဲ့သည်။ သူ့တွင် ညီမအများအပြားရှိသော်လည်း အဖိုး လူမျိုးစုခေါင်းဆောင် (Chief) Thuk Kham က သူသည်…

A biography of a Chin hero Lt.Col. Son Kho Pau (The Commanding Officer of the famous 2nd Chin Rifle)

By Salai Van Cung Lian (UK) တစ်ချိန်က နာမည်ကျော် ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် (Son Kho Pau) ကွယ်လွန်ခဲ့သည်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင် ၄၁ နှစ်ြပည့်ပြီဖြစ်ပါသည်။ ချင်းသူရဲကောင်း ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် အားဂုဏ်ပြုသည့်အနေဖြင့် သူ့၏ကိုယ်ရေးအကျဉ်းကို ဖော်ပြလိုက်ပါတယ်။ ဗြိတိသျှ ကိုလိုနီ ကျွန်ဘဝ မှ ၁၉၄ဂ ခုနှစ်တွင် လွတ်မြောက်လာသော လွတ်လပ်သည့် ပြည် ထောင်စု မြန်မာနိုင်ငံတော် သစ် သည် လွတ်လပ်ရေး၏ ဘွားဖက်တော်အဖြစ် နိုင်ငံတဝှမ်း ပြည်တွင်းစစ် ကြီး နှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရ ပြီး ပြည်ထောင်စုကြီးပြိုကွဲ လုမတတ် ဖြစ်ခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင်…

စည်သူဒေါက်တာ ဝမ်ကိုဟော၏သမိုင်းအကျဥ်း

စည်သူဒေါက်တာ ဝမ်ကိုဟောအား ၁၉၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ ထုတ်လိုဏ် ကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် စစ်ကိုင်းမြို့၊ အစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ကာ ၁၉၃၇ မှ ၁၉၅၅ ထိ ချင်းတောင်တန်း ခရိုင်၌ အမှုထမ်းခဲ့သည်။ စစ်ရုံးဖွဲ့စည်းခဲ့သော ချင်းစစ်ဝန်ထမ်းတပ်ဖွဲ့တွင် တပ်ရေးနှင့် ထောက်လှမ်းရေး အရာရှိ၊ ဒုတိယအကြီးအကဲ၊ ချင်းတောင်တန်း ခရိုင်ဝန်နှင့် ဂျပန်တော်လှန်ရေးတွင် ချင်းအမျိုးသားများကို ခေါင်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ချင်းအမျိုးသား ကိုယ်စားလှယ်ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အဖွဲ့ဝင်၊ အစိုးရအဖွဲ့၊ ချင်းရေးရာအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နုအက်တလီ စာချုပ် ချုပ်ဆိုရန် အတွက် လန်ဒန်သို့ သွားရောက်ရာတွင် ပါဝင်ခဲ့သည်။…

ပဋိပက္ခဖန်တီးသူတွေ အဆုံးသတ်ရဲတဲ့ သတ္တိ ရှိဖို့လို

ကချင်ဒေသ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ ပြည်သူတွေ မြေဇာပင်ဖြစ်ပြီး အတိဒုက္ခရောက်နေရတဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဟာဝိုင်ယီ ငြိမ်းချမ်းရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Pillars of Peace အဖွဲ့ကြီးက ကျင်းပတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ ပဋိပက္ခကို ဖန်တီးသူတွေအနေနဲ့ အဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့လိုတယ်လို့ သူက ဆိုပါတယ်။ ဆွေးနွေးပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက ဟိုနိုလူလူကနေ သတင်းပေးပို့ပါတယ်။ ငြိမ်းချမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းရဲတဲ့သတ္တိရှိဖို့ လိုတယ်ဆိုတာ ပြောဆိုရင်း အပေးအယူ ညှိနှိုင်းတာကို အရှုံးပေးလိုက်ရတာ ဆိုပြီး မှားယွင်း ရှုမြင်တတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းထဲမှာ ထောက်ပြ ပြောဆိုသွားပါတယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ ပျက်ကွက်ခဲ့ တာကြောင့်…

တောင်ကိုးရီယားနှင့် မြန်မာ အနာဂတ်ပူးပေါင်းမည်

မြန်မာနိုင်ငံနှင့် တောင်ကိုရီယား နိုင်ငံတို့ အနာဂတ်တွင် ၂ နိုင်ငံ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး အတွက် တောင်ကိုရီယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်း မစ္စ ပတ်ဂုန်ဟေး (Ms. Park Geun-hye) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးကြကြောင်း သိရသည်။ “အနာဂတ်မှာ အာရှတိုက်နဲ့ ကမ္ဘာကြီးမှာလို တောင်ကိုရီယားနဲ့ မြန်မာနိုင်ငံတို့ဟာ ပိုပြီး လွတ်လပ်ပျော်ရွှင်မှုတွေ တည်ဆောက်ဖို့ ကျမတို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု သမ္မတသစ် မစ္စ ပတ်ဂုံဟေးက ပြောကြောင်း တောင်ကိုရီယား မီဒီယာများက ဖော်ပြသွားသည်။ (ဧရာဝတီ)